International News

ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနမှ အထောက်အပံ့ပေးရေးအစီအစဉ်အသစ်

Last Updated:

ဘဏ္ဍာရေးဝန်ကြီးဌာနသည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်မြှင့်တင်နိုင်ရန်အတွက် ဤသုံးလပတ်တွင် လှုံ့ဆော်မှုအစီအစဉ်သစ်တစ်ခုကိုစတင်ရန် စီစဉ် ထားကြောင်း ဘဏ္ဍာရေးဝန်ကြီး ဉတ္တမကပြောကြားခဲ့ပါသည်။ အလားအလာရှိသော အစီအမံများသည် စားသုံးသူများ၏ ယုံကြည်မှု၊ ခရီးသွားကဏ္ဍနှင့် စီးပွားရေး လုပ်ငန်းရှင်များကိုပိုမို အားကောင်း လာစေလိမ့်မည်ဟု ၎င်းကပြောကြားပါသည်။

အဆိုပါအစီအစဉ်တွင်ဘဏ္ဍာရေးဆိုင်ရာ ဖြေလျှော့မှုများဖြင့် စားသုံးသူများကို ငွေကြေးများပေးခြင်း၊ ဝန်ထမ်းများအလုပ်အကိုင်ဆုံးရှုံးခြင်းမှ ကာကွယ်တားဆီး ခြင်းနှင့် ခရီးသွားလုပ်ငန်းနှင့်ဆက်နွယ်ပတ်သက်သောဝန်ထမ်းများအား ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများပေးခြင်းတို့အားဖြင့် အာရုံစိုက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မစ္စတာ ဉတ္တမက အသေးစိတ် အချက်အလက်များကို ဖေါ်ပြခြင်းမပြုဘဲပြောကြားခဲ့ခြင်းဖြစ်ပါသည်။

ပြည်တွင်းစီးပွားရေးအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခြင်း၊ ၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ် အတွက်ဘတ်ဂျက်နှောင့်နှေးခြင်း၊ မိုးခေါင်ခြင်းအခြေအနေများနှင့် ကုန်သွယ်ရေးစစ်ပွဲများအပါအဝင်ဆိုးကျိုးများစွာဖြင့် ကြုံတွေ့နေရပါသည်။ ခရီးသွားလုပ်ငန်းကဏ္ဍအနေဖြင့် GDP ၏(၁၁.၁%) ရှိပြီး မကြာသေးမီနှစ်များအတွင်း တောက်ပသော အရာများအနက်မှ တစ်ခုဖြစ်ခဲ့ပြီး သေစေနိုင်သော ဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဆုံးရှုံးမှုနှင့်တွေ့ကြုံနေရပါသည်။

ဤမြင်ကွင်းသည် သုတေသနရာပေါင်းများစွာကို ၎င်းတို့၏ စီးပွားရေးဆိုင်ရာခန့်မှန်းချက် များကိုလျှော့ချရန် လှုံ့ဆော်ပေးခဲ့ပြီး အချို့က ထိုင်းနိုင်ငံ၏ GDP တိုးတက်မှုကို ယခုနှစ်တွင်(၂%) အောက် သို့ကျဆင်းစေမည်ဟု ခန့်မှန်းကြပါသည်။ GSB သုတေသနက မကြာသေးမီ ကခန့်မှန်းချက်အရ ဗိုင်းရပ်စ်ကူးစက်မှုသည် (၆) လအထိ ဆက်လက်ဖြစ်ပွားလျှင် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှဝင်ငွေ (၁၇၀) ဘီလီယံခန့်ဆုံးရှုံးနိုင်ပြီး ၎င်းမှာ၂၀၂၀ ပြည့်နှစ်အတွက် GDP တိုးတက်မှု၏ (၁%) ခန့်ရှိနိုင်ကြောင်း ခန့်မှန်းခဲ့ပါသည်။

ဗဟိုဘဏ်၏ စီးပွားရေးနှင့်မူဝါဒရေးရာအကြီးတန်းညွှန်ကြားရေးမှူး Don Nakornthab က ယခုနှစ်အတွက် စီးပွားရေးတိုးတက်မှုမှာ(၂%) အောက်တွင်ရှိ လိမ့်မည် ဖြစ်ကြောင်း၊ ယခင် အပတ်ကပြောကြားခဲ့ပါသည်။ ခရီးသွားလုပ်ငန်းနှင့်အားကစားဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ တိုင်းပြည်၏ ခရီးသွားလုပ်ငန်းမှဝင်ငွေ ဘတ် (၂၅၀) ဘီလီယံဆုံးရှုံးနိုင်ပြီး ပထမ ( ၃) လပတ် စီးပွားရေး တိုးတက်မှုမှာ (၁%) အောက်သို့ ကျဆင်းသွားနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

လွှတ်တော်အနေဖြင့်၂၀၂၀ပြည့်နှစ်ဘတ်ဂျက် ဉပဒေကြမ်းကို အတည်ပြုပြီးနောက် မေလ တွင် ဘတ်ငွေ (၁၀၀) ဘီလီယံတန်ဖိုးရှိ နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု ဘတ်ဂျက်ကို ပေးဝေလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ၎င်းမှာရှေ့လာမည့်ကာလ၌ စီးပွားရေးအတွက်မောင်းနှင်အား တစ်ခုဖြစ်လိမ့် မည်ဖြစ်ကြောင်း မစ္စတာဉတ္တမက ပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် ရေရှည်တွင်တိုင်းပြည် ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အလားအလာကောင်းများနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် အားလုံးပါဝင်သော ဖွံ့ဖြိုးမှုကိုမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း၎င်းက ပြောကြားခဲ့ပါသည်။

အီးယူ-အာဆီယံ စီးပွားရေးကောင်စီနှင့်ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေသောနိုင်ငံခြားကုမ္ပဏီ (၃၀) မှ အမှုဆောင်အရာရှိ(၅၆)ဉီးပါဝင်သည့် အစည်းအဝေးတွင် မစ္စတာ ဉတ္တမက မကြာခဏ မေးလေ့ရှိသောမေးခွန်းများတွင် အစိုးရ၏ မူဝါဒ၊ လျှပ်စစ်မော်တော်ကားဆိုင်ရာ လမ်းပြမြေပုံနှင့် စီးပွားရေးဆိုင်စနစ်အကြောင်းအရာတို့ဖြစ် ကြောင်းပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source: Bangk Post                                                               

Category: International News